Premium Series

S-Power S300

Power Station Specifications & Details

S-Power S300 Portable Power Station

Durable, portable, and ready for adventure.

အမေးများသောမေးခွန်းများ (FAQs) စက်အချက်အလက်များ (Specs)

အသုံးပြုသူ လက်စွဲ

အမေးများသောမေးခွန်းများ (FAQs)

ဖြေ အားပြည့်လျှင် မီးလေးတုံးအားလုံးစိမ်းပြီး အားသွင်းတုံးမှ မီးပါစိမ်းပါမည်။

ဖြေ အားသွင်းတုံးစိမ်းပြီး Power Station မှမီးမစိမ်းလျှင်၊ ငြိမ်းနေလျှင် အားသွင်း Jack ပေါက်မမိတာဖြစ်ပါတယ်။ Jack မိအောင်ထိုးလျှင်ရပါပြီ။

ဖြေ Solar 200Watts အထက်နှင့်ဆိုလျှင် 0 to 100% ၅ နာရီသွင်းရပြီး အိမ်မီး၊ Original Adapter နှင့်ဆိုလျှင် 0 to 100% ဆယ်နာရီ သွင်းရပါတယ်။

ဖြေ ရပါတယ်။ Solar Panel အား 425watts, 460watts 500watts စသဖြင့် အသုံးပြုနိုင်ပါတယ်။ Power Station မှ 200watts သာဆွဲပါတယ်။

ဖြေ ရပါတယ်။ ဒါပေမယ့် အားသွင်းတုံးက 96watts သာထွက်တာဖြစ်လို့ ထို Watts အထက်ပြန်သုံးနေလျှင် အားသွင်းရင်း အားကုန်လာပါလိမ့်မယ်။ ထို Watts အောက်သုံးလျှင် အားအဝင်နည်းပါမယ်။

ဖြေ 60 watts လောက်သာသုံးနေလျှင် ပန်ကာမလည်ပါ။ ရာသီဥတုအေးလျှင် ပန်ကာမလည်လည်း 60 watts နှင့် သူ့အောက် တောက်လျှောက်သုံးနေနိုင်ပါတယ်။ မပိတ်ပါ။ ရာသီဥတုပူလျှင်တော့ 60 watts လောက်ပဲသုံးနေလျှင် ပန်ကာမလည်တာကြောင့် ရပ်သွားနိုင်ပါတယ်။ ပန်ကာလည်တဲ့ Watts အနေအထားလောက်သုံးလျှင် မရပ်ပါ။ ရာသီဥတုအေးလျှင်လည်း 60watts အောက်သုံးပေမယ့် မရပ်ပါ။ အခန်းတွင်း အပူချိန်အပေါ်မူတည်ပါတယ်။

ဖြေ iMac ကဲ့သို့ Power အစားသက်သာတဲ့ Computer တွေဆိုမဖြစ်ပါ။ 300 watts အောက် Computer တွေဆိုမဖြစ်ပါ။ Power Station က 300 watts ထွက်ပေးပြီး Peak Power (စက္ကန့်ပိုင်းသာထုတ်ပေးသောအား) 600 watts ထွက်ပေးတာကြောင့် Computer က Graphic ဖြစ်စေ တခုခုဆွဲလိုက်လျှင် 300 watts ကျော်သွားတာဖြစ်ခြင်းကြောင့် စက္ကန့်ပိုင်းသာထုတ်ပေးတဲ့ 600 watts စနစ်ကိုခေတ္တရောက်သွားခြင်းက မီးငြိမ့်သလိုဖြစ်တတ်ပါတယ်။ 300 watts အထက် မိနစ်ပိုင်းအကြာသုံးလျှင် Power Station Auto ပိတ်သွားပါမယ်။

ဖြေ မလိုပါ။ Power Station ဝယ်ယူစဉ်ကပါတဲ့ ကြိုးနဲ့ တိုက်ရိုက်ချိတ်နိုင်ပါတယ်။

ဖြေ မရပ်ပါ။ အားပြည့်လဲ ပန်ကာဆက်လည်နေပါတယ်။ မီးပလပ်ဖြုတ်လိုက်မှ ရပ်ပါတယ်။ Overcharge တော့မဖြစ်ပါ။

ဖြေ Current Protection, Temperature Protection, Short-circuit Protection, Overcurrent Protection, Leakage Protection တွေပါပါတယ်။

ဖြေ 1004watts hour ပါပြီး 300 watts ထုတ်နိုင်တာကြောင့် 300 watts အပြည့်သုံးမယ်ဆိုလျှင် 2.6 hours ခံပါမယ်။

ဖြေ 1004watts hour ပါတာကြောင့် 100 watts သုံးမယ်ဆိုလျှင် 9 hours ခံပါမယ်။

ဖြေ 1004watts hour ပါတာကြောင့် 50 watts သုံးမယ်ဆိုလျှင် 16 hours ခံပါမယ်။

ဖြေ အဝေးကိုရောင်းချရတာဖြစ်ခြင်းကြောင့် စကားလျှော့ပြောရပါတယ်။ DC to AC Power conversion process ကြောင့် လေလွင့်သွားတာတွေအတွက်လျှော့တွက်ရပါတယ်။ 800watts ကို အသုံးပြုမည့် watts နဲ့စားပြီး ကြာချိန်ဖြေပေးပါတယ်။

Battery Specifications

Capacity (mAh) 314000 mAh
Energy (Wh) 1004.8 Wh
Cell Type LiFePO4 cell 3.2V

DC Input & Charging

DC 7909 Input 12-60V MAX 200W
XT90 PV Input (Solar) 12-60V MAX 200W
Charging Time (200W) ~5 Hours

USB Output

USB 1 & 2 (QC3.0)
5V3A / 9V2A / 12V1.5A
QC, AFC, FCP
Type-C Output (PD18W)
5V3A / 9V2A / 12V1.5A
PD, QC, AFC, FCP

AC Output

Voltage / Frequency 220V 50Hz
Continuous Power 300W
Peak Power 600W
Wave Type Sine Wave

Other Info

Cycle Life >8000 times
Work Environment -10°C ~ 60°C
Weight 10 kg
Size (mm) 310 x 142 x 219

သတိပြုရန်။ ။

စိုထိုင်းဆများသော နေရာများတွင်အသုံးပြုရန်မဟုတ်ပါ။

၂ နှစ် အာမခံနှင့် ဝန်ဆောင်မှု (2 Years Warranty & Service)

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် S-Power Service Center များရှိပြီး အဝေး Customer များအနေဖြင့် Warranty ကာလအတွင်း တခုခုဖြစ်ခဲ့လျှင် ၎င်း Service Center များထံ မိမိစရိတ်ဖြင့် ပေးပို့ရန် တာဝန်ရှိပါသည်။ Ring Up အနေဖြင့် လမ်းခရီးစရိတ်အား ကျခံပေးနိုင်ခြင်းမရှိပါ။ ရန်ကုန်၊ မန္တလေး ဂိတ်များသို့ပေးပို့ပါက သွားရောက်ထုတ်ယူပေးပါမည်။

Download RingUpTech App
Buy Now